Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကလောမြို့နယ်၊‌ ပေါငယ်တပ်ကျေးရွာ ၌ (VRFP) စီမံကိန်းရန်ပုံငွေများ စတုတ္တအကြိမ် ထုတ်ချေး

26 August 23

ကလောမြို့နယ်၊‌ ပေါငယ်တပ်ကျေးရွာ ၌ (VRFP) စီမံကိန်းရန်ပုံငွေများ စတုတ္တအကြိမ် ထုတ်ချေး

========================================================================
 
ကလော ဩဂုတ် လ ၂၆
==================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင်၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာမိုင်းခမ်းကျေးရွာအုပ်စု၊ပေါငယ်တပ်ကျေးရွာရှိ ကျေးလက်နေ ပြည်သူ များ ၊ လုပ်ကွက်ငယ်တောင်သူများ၊စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများ၊ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ‌‌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းငွေများ စတုတ္တအကြိမ် ထုတ်ချေးခြင်းကို  ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
 
 
 ရှေးဦးစွာ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ ကျော်စွာ က ပေါငယ်တပ်ကျေးရွာများရှိ ရပ်မိရပ်ဖများ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အသင်းသူ/အသင်းသားများ ၊ကျေးရွာ ကော်မတီ ဝင်များနှင့် တွေ့ဆုံကာ စီမံကိန်း အကြောင်းအရာများ ရည်ရွယ်ချက်များ၊အကျိုး‌ ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက အတိုးနူန်း နှင့် ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူးက ပေါငယ်တပ် ကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီထံသို့ လည်ပတ်ရန်ပုံငွေကျပ်(၂၆၄)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများက ပေါငယ်တပ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း ၊မွေးမြူရေးလုပ်း၊အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် အသေးစားစက်မှု လက်မှု လုပ်ငန်း လုပ်ကိုင်မည့်သူ အသင်းသူ/သား စုစုပေါင်း (၆၃)ဦး ကို လည်ပတ်ရန်ပုံငွေ ကျပ်(၂၆၄)သိန်းအား အသင်းသူ/သားများ၏ တစ်ဦးခြင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် အသီးသီးထုတ်ချေးပေးခဲ့ကြောင်း ကလောမြို့နယ်ဦးစီးမှူး ဦး ကျော်စွာထံမှ သိရသည်။
     
 
 
                                                                                                                                                                                                                                                                 မောင်ခိုင်
                                                                                                                                                                                                                                                         ရှမ်းတောင် ကျေးလက်