Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့နယ်၊ မြေနီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

27 August 23

တောင်ကြီးမြို့နယ်၊ မြေနီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

=============================================================================================
တောင်ကြီး  ဩဂုတ်လ ၂၉ ရက်
========================
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက‌ လွယ်တော် ကျေးရွာအုပ်စု၊‌‌ မြေနီကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
 ရှေးဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ကဏ္ဍာအလိုက် ရှင်းလင်း‌ဆွေးနွေး ကာ တက်ရောက်လာကြသော မြေနီကျေးရွာ မှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အမှန်တကယ်ဆောင်ရွက်နိုင်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်(၉)ဦးကို အများ သဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
 
တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြေနီကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း နှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                                                         မောင်ခိုင်
                                                                                                                                                                                                                                                  ရှမ်းတောင် ကျေးလက်