Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊လွယ်ကန့်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

30 August 23

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊လွယ်ကန့်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

==========================================================================================
ညောင်ရွှေ ဩဂုတ်လ ၃၀ ရက်
=======================
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင် ၊ ညောင်ရွှေ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် လွယ်ကန့်ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်‌ နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကလောခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်း၊ ညောင်ရွှေမြို့နယ် ဦးစီးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဝန်ထမ်းများသည် လွယ်ကန့်ကျေးရွာ တွင် ကျေးလက် ကုန်ထုတ်လမ်း အပိုင်း(၃) အရှည် ၄ ဖာလုံ ၊အကျယ် ၁၂၊ မြေသားအမြင့် ၂ပေ ၊သဲဗြုန်းအမြင့် ၉လက်မ ခင်းခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်‌ နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ခရိုင် ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်း များ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ‌အလေးထား ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။
 
 
 လွယ်ကန့်ကျေးရွာတွင် အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်‌ ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ( ၂၇ ဒသမ ၃၂ ) သန်းဖြင့် တင်ဒါအောင်မြင်သည့် မိုးထွန်းစက် ကုမ္ပဏီ မှ ၂၀၂၃ခု နှစ် ဇူလိုင်လ ဒုတိယ အပတ်က စတင်အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများအာလုံး၏ ၅၀ % ခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပြီး လုပ်ငန်း များအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးပါက အဆိုပါ ကျေးရွာရှိ ကျေးလက်နေ ပြည်သူ များ၏ လယ်/ယာ မြေ ဧကများမှ ထွက်ရှိသော စိုက်ပျိုးသီးနှံ့များ ဈေးကွတ်သို့ အချိန်မီ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင် နိုင်မည် ဖြစ်ကြောင်း ကလောခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
 
 
 
 
 
 
 
                                                                                                                                                                                                                                                                  မောင်ခိုင်
                                                                                                                                                                                                                                                           ရှမ်းတောင် ကျေးလက်