Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆီဆိုင်မြို့နယ်၊ ထီတမောင်းကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

31 August 23

ဆီဆိုင်မြို့နယ်၊ ထီတမောင်းကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး
 
ဆီဆိုင် ဩဂုတ်လ ၃၁ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပင်းစုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာ၌ လယ်ယာ ဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ် ၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လှဝိုင်းနွယ် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ထီတမောင်းကျေးရွာတွင် အရှည် ၁ မိုင် ၅ ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ ရှိ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်း၊ Box Culvert တံတား (၂)စင်း၊ Pipe Culvert တံတား (၃)စင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှူစစ်ဆေးပြီး တင်ဒါအောင် မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါ‌ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၃၄ ဒသမ ၃၃၅)သန်းဖြင့် တင်ဒါအောင်မြင်သည့် အိမ်ရွှေကြာကုမ္ပဏီ၊ ကောင်းလှသော် ကုမ္ပဏီ၊ အောင်ဆုပြည့်ကျော်ကုမ္ပဏီတို့မှ ယခုနှစ် ဇူလိုင်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၅၀ ရာခိုင်နူန်းအထိ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
 
အဆိုပါလုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက ထီတမောင်းကျေးရွာရှိ လယ်ယာမြေဧက ၅၅၀ ကျော်မှ ထွက်ရှိသည့် စပါးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ ဆောင် နိုင်မည် ဖြစ်ကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ် ထံမှသိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                                                                       မောင်ခိုင်
                                                                                                                                                                                                                                                               ရှမ်းတောင် ကျေးလက်