ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်း
================================================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို (၁၈.၈.၂၀၂၃)ရက်နေ့တွင် ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်/ယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးယဉ်ခိုင်၊ တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရွှေဘုံသာကျေးရွာ၌ (၄.၅"x၃၀၀')စက်ရေတွင်းတူးဖော်ခြင်း၊ ရေမြုပ်ပန့်တပ်ဆင်ခြင်းနှင့် မီတာတပ်ဆင်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ရေစက်ရုံ(၅'x၅'x၇')တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူမှ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို ရွှေဝါလင်းယုန်ကုမ္ပဏီမှ ၂၃-၂၄ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်(၂၅)သန်းဖြင့် ဇူလိုင်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၃၅ %)ပြီးစီးပြီဖြစ်ကြောင်း နှင့် အဆိုပါစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရွှေဘုံသာကျေးရွာနေပြည်သူများအပြင် ကျွဲ၊နွား၊တိရိစ္ဆာန်များအတွက်ပါ သန့်ရှင်းသောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။