ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်
မည့် ရွှေပျောက်ကျေးရွာအုပ်စု၊ ကျိုက္ကမော့ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတစ်ရွာ
အား နိုင်ငံတော်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ခဲ့သည်။
အဆိုပါရန်ပုံငွေကို ကျိုက္ကမော့ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့သို့ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်
နှင့် တာဝန်ရှိသူများက ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ်လ (၁၄)ရက် နံနက်ပိုင်းက
ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနအနေဖြင့် မြစိမ်းရောင်
ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခုဘဏ္ဍာနှစ်မှ ကျေးရွာပေါင်း (၄၂)ရွာ၊ (၄၀)ယူနစ်ဖြင့် အကောင်
အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ် ဇူလိုင်လအထိ ထုတ်ချေးငွေကျပ်
၁၇၆၈.၂၄သန်း၊ အစိုးရချေးငွေကျပ် ၁၃၄.၆၂၃၉၃၄သန်းဖြင့် လည်ပတ်လျှက်ရှိပြီး အတိုးရငွေ
(၅၀%)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၅၈ ခု၊ ရွာတွင်းလမ်းတံတား၊ ကျေးရွာပိုင်အဆောက်အအုံ၊ မူကြို
ကျောင်း၊ ကျေးရွာမီးလင်းရေး၊ မြေသားရေကန်တူးဖော်ခြင်းနှင့် မြေသားရေကန်ခြံစည်းရိုးကာရံ
ခြင်းလုပ်ငန်းများကို ငွေကျပ် ၃၈၄.၅၀၂၀ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။