Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် ကြုံကြိတ်ကျေးရွာတွင် ဆောင်ရွက်သော အမြင့်တင်ရေစင်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

31 August 23

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကြုံကြိတ်ကျေးရွာ၌ ပြည်သူများ သောက်သုံးရေ လွယ်ကူအဆင်ပြေစွာ ရရှိစေရန် Ei Thazin Thant ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမြင့်တင်ရေစင် (၁၀ ပေ X ၁၀ ပေ X ၄ ပေ)တည်ဆောက်နေမှုကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့က ဩဂုတ်(၂၉) ရက် နံနက်(၁၀)နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။