Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး တင်ဒါအောင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း

31 August 23

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများ သည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးလက်ဦးစီးဌာန အစည်းအဝေး ခန်းမတွင် (၂၃.၈.၂၀၂၃)ရက်နေ့က တွေ့ဆုံ၍ ရှင်းလင်းညှိနှိုင်းခဲ့ကြောင်း သိရှိ ရပါသည်။