မြောက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများမှ ကျေးလက်နေပြည်သူများအား မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးနိုင်ရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး အကျဉ်းချုပ်ပြောကြားခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ မြောက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှင်ရှည် မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များအား လုပ်သက်(၃) နှစ်ပြည့်မြောက်ပြီး ဖြစ်ပါ၍ ကော်မတီဝင်အဖွဲ့မှ နုတ်ထွက်ခြင်းကို ကျေးရွာသူ/သားများနှင့် မြို့နယ်တာဝန်ခံအရာရှိရှေ့တွင် နှုတ်ထွက်ခဲ့ကြပြီး ကော်မတီဝင် (၇)ဦးအား အစားထိုး ပြန်လည် ဖွဲ့စည်းထားရှိရန်နှင့် ကော်မတီဝင်အသစ်တို့အား ကျေးလက်ရုံးသို့ သင်တန်း များ ပေးရန် ပြောကြားခဲ့ပါသည်။