အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး သည် ဒေါ်လေးလေးဆွေ၊ ဦးစီးအရာရှိ၊ ဦးလှသောင်းအေး အကြီးတန်းစာရေး နှင့် ဒေါ်သန်းသန်းနွယ် စာရင်းကိုင်-၄ တို့လိုက်ပါလျက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် အမ်းမြို့နယ်၊ အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်ကြီးကျေးရွာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖွဲ့များဖြစ်သည့် ဒေသနွားမွေးမြူရေး(၁)ဖွဲ့၊ CPဝက်မွေးမြူရေး(၂)ဖွဲ့ နှင့် CPကြက်မွေးမြူရေး(၁)ဖွဲ့ စုစုပေါင်း(၄)ဖွဲ့မှ အသင်းသား(၂၀)ဦး နှင့် ယနေ့နံနက်(၁၀:၀၀)နာရီအချိန် ဒိုင်ကြီးကျေးရွာသို့ ကွင်းဆင်းပြီး လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်မည့် အစီအမံများအား အသေးစိတ်ဆွေးနွေးပြီး၊ အဆိုပြုလွှာများအား ပြန်လည်စိစစ်တည့်မတ်ပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။