သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ကျေရွာ(၇)ရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ သင်တန်းပို့ချခြင်း၊ အချက်အလက်များ ကောက်ယူ၍ ဦးစားပေးစီမံချက် လုပ်ငန်းများ ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ၎င်းဦးစားပေးစီမံချက် လုပ်ငန်းများမှ ဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်တင်ပြနိုင်ရေး အတွက် (၂၈.၈.၂၀၂၃) ရက်နေ့တွင် မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သိန်းနှင့် ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်ဝင်းထွန်း၊ အကြီးတန်းစာရေး ဦးဦးမောင်စိုးတို့မှ ကံရွာကျေးရွာတွင် ဦးစားပေးစီမံချက်လုပ်ငန်းအား ကွင်းဆင်းစီစစ် ဆောင်ရွက်ခဲ့ပြီး ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာကော်မတီမှ ဦးဆောင်၍ ကျေးရွာသူ/သားများ ပူးပေါင်းပါဝင်မှုဖြင့် ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းအရည် အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။