Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်မင်းဆိပ်ပြင်ကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

30 August 23

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မင်းဆိပ်ပြင်ကျေးရွာအုပ်စု၊ မင်းပြင်ရွာသစ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်အရ ကျေးရွာမှ ဦးစားပေးရွေးချယ်ထားသော သုဿာန် ဆင်းလမ်းနှင့် ရေကန်ဆင်းလမ်းတို့အား (မြေ+ဗြုန်း)ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (၂၀.၈.၂၀၂၃)ရက်နေ့က မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းပြီး ကျေးရွာကော်မတီနှင့်တွေ့ဆုံကာ လုပ်ငန်းများအား တိုင်းတာစစ်ဆေးခဲ့ပါသည်။

          မာန်အောင်မြို့နယ်တွင် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်       ငန်းဆောင်ရွက်မည့် ကျေးရွာ(၆)ရွာရှိပြီး ကျေးရွာတစ်ရွာလျင် နိုင်ငံတော်မှထောက်ပံ့ငွေ(၁၅.၀၀)  ကျပ်သန်း ခွင့်ပြုပေးပြီး ကျေးရွာမှ ပစ္စည်း၊ ငွေသား၊ လုပ်အားများဖြင့် ပူးပေါင်းပါဝင်ကာ ဆောင်ရွက် မည့်စီမံကိန်းဖြစ်ကြောင်း သိရှိရပါသည်။