Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်ကြီးနားမြို့နယ်တွင်VDPစီမံကိန်းစီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်

24 August 23

 ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်  ဖော်ဆောင်ရွက်မည့် ကျေးရွာကော်မတီဝင်များအတွက် VDP စီမံကိန်း စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် ရန်ပုံငွေသုံးစွဲ‌ရေးအစီအစဉ်   (AVIP) သင်တန်းဖွင့်ပွဲကို ဩဂုတ် ၂၃ ရက်က          မြစ်ကြီးနားမြို့အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှက သင်တန်းဖွင့်လှစ်ပို့ချခြင်း၏ ရည်ညွယ်ချက်များကို ဦးစားပေးအစီအစဉ်အလိုက်ဖော်ထုတ်ပြီး ကဏ္ဍာပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖော်ဆောင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

  ထို့နောက် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စာတမ်းရေးဆွဲခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအဆိုပြုလွှာတင်ပြခြင်း၊ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများ၊   AVIP ဖွံ့ဖြိုးရေးအစီအစဉ်နှင့် စာရင်းထိန်းသိမ်းနည်း၊ ကျေးရွာအဆင့်ခေါင်းဆောင်မှု သင်ခန်းစာများကို သင်ကြားပို့ချသည်။

  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေးအစီအစဉ်သင်တန်းသို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စီမံကိန်းဆိုင်ရာ  ဘာသာရပ်များကို ဩဂုတ် လ ၂၃ ရက်မှ ၂၄ ရက်နေ့ထိ နှစ်ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။