Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ပြွန်သုံးလုံးကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေ ထုတ်ချေး

15 August 23

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံ‌ ‌ငွေစီမံကိန်း  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် ပြွန်သုံးလုံးကျေးရွာတွင် စီမံကိန်းစတုတ္ထအကြိမ်ထုတ်ချေးခြင်းကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်

ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမြို့နယ် ဦးစီးမှူးဦးကျော်သူဝင်းက ကျေးရွာမတည်ရန်ပုံ‌ ‌ငွေစီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက် လုပ်ငန်းစဉ်များအကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပ‌ဒေ ပါအကြောင်းအရာများအားရှင်းလင်းဆွေးနွေးခဲ့ပြီးကျေးရွာကော်မတီဝင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၅၈)ဦး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၂၀)ဦး အ‌ရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၅)ဦး စုစုပေါင်းအသင်းသူ/သား (၁၈၃)ဦးအား ရန်ပုံငွေကျပ် ၃၆၈ သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်

(၁၅.၈.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၇)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။