(၈.၈.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း(ဦးစီးအရာရှိ)မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းအား ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၂၀)မှ ကော်မတီဝင် (၄၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများမှ သင်တန်းပို့ချပေးခဲ့ပါသည်။