ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၂၇ ရက်နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးလှအောင် နှင့်ကျေးရွာရပ်မိရပ်ဖများက သတ်မှတ် နေရာများတွင် ပန္နက်တင်ရိုက်ကြသည်။
ကျေးရွာဘက်စုံသုံးခန်းမကို ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ငွေကျပ်သိန်း ၁၅၀ နှင့် မြစိမ်းရောင်အတိုးရငွေကျပ် သိန်း၂၀၀၊ စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ဖြင့် အလျား ပေ ၆၀၊ အနံ ပေ ၃၀ နှင့် အမြင့် ၁၂ ပေရှိ အုတ်ညှပ်တစ်ထပ်အမျိုးအစား ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၂၉.၈.၂၀၂၃)ရက်နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ(၅)၊ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။