စစ်ကိုင်း ဩဂုတ် ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရေးအတွက် " မြစိမ်းရောင်ကျေးရွာစီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေး"သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ဦးအောင်မျိုးလွင်မှ သင်တန်းသူ/သားများအနေဖြင့် ယခုလို "မြစိမ်းရောင်ကျေးရွာစီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေး" သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိအောင် ပြန်လည်အသုံးချပြီး မိမိတို့၏စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်တိုးတက်အောင် ကြိုးစာကြရန် နှင့် သင်တန်းကာလ(သင်တန်းချိန်)အတွင်း သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ဝင်တစ်စား ကြိုစားသင်ယူကြစေလိုကြောင်း မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ကျား(၃)ဦး၊ မ(၇)ဦး စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင် ပတ်သက်သည့် သင်ခန်းစာများကို စုစုပေါင်း(၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကိုမြတ်