ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်နားလိုင်ကျေးရွာ၌ အိမ်သွယ်ရေမီတာစနစ်ဆောင်ရွက်ပြီးစီးမှုများကို သြဂုတ်လ ၄ ရက်တွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖားကန့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဦးစီးမှူးဦးဝေထွန်း တာဝန်ခံဂျင်နီယာ နှင့်ဝန်ထမ်းများက အိမ်သွယ်ရေမီတာစနစ်ဆောင်ရွက် ပြီးစီးမှုနှင့် ကျေးရွာရေရရှိရေးလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဦးဝေထွန်းက လုပ်ငန်းရေရှည်တည်တံ့လည်ပတ်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဖားကန့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနအနေဖြင့် ဟောင်ပါးကျေးရွာအုပ်စု နန့်နားလိုင်ကျေးရွာ၌ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၀.၂၅သန်း အသုံးပြု၍ ဂါလံ၂၄၀၀ ဆံ့ရေစင် နှင့် ရေစက်ရုံတည်ဆောက်ခြင်း ရေပိုက်တစ်မိုင်သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ နှစ်ကဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။
ယင်းလုပ်ငန်းအပြင် နန့်နားလိုင်ကျေးရွာရေကော်မတီ နှင့် ရပ်မိရပ်ဖများကိုယ်တိုင် ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် ၅ ဒသမ ၈ သန်းဖြင့် အိမ်သွယ်ရေမီတာတပ်ဆင်သုံးစွဲခြင်း နှင့် ဂါလံ၂၄၀၀ဆံ့ရေစင် မှ ဂါလံ၅၀၀၀ ဆံ့အဖြစ်တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
(၅.၈.၂၀၂၃)ရက်နေ့ထုတ်မြဝတီသတင်းစာ စာမျက်နှာ(၁၄) ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။