ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မင်းကုန်းကျေးရွာ၌ စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို သြဂုတ်လ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူဝင်းက ကျေးရွာမတည်ရန်ပုံ ငွေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊လုပ်ငန်းစဉ်များ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါအကြောင်းအရာ များ ၊ ချေးငွေဖြင့်အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေး လုပ်ငန်းများ ဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံရန်ပုံငေွကျပ် ၂၂၈ သိန်း လွှဲပြောင်းပေးအပ်ကြောင်းသိရသည်။
ထို့နောက်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက မင်းကုန်းကျေးရွာရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၂၉)ဦး ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၄)ဦး ၊ စုစုပေါင်းအသင်းသူ/ သား (၃၃)ဦးကို ငွေကျပ် (၂၂၈) သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
(၁၅.၈.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၄) ကော်လ(၁/၂/၃/၄)တွင်ပါရှိသည်။