Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ထိုပူးကျေးရွာ၌ စတုတ္ထအကြိမ်မြောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) ထုတ်ချေး

20 August 23

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံ‌ ငွေစီမံကိန်း  စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် ထိုပူးကျေးရွာ၌ စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက ကျေးရွာမတည်ရန်ပုံ‌ ငွေ စီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊လုပ်ငန်းစဉ်များ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပ‌ဒေပါအကြောင်းအရာ များ ၊ ချေးငွေဖြင့်အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေး လုပ်ငန်းများ ဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည် ။

ဆက်လက်၍ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမ တည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံရန်ပုံငေွကျပ် ၂၄၁ သိန်း လွှဲပြောင်းပေးအပ်သည်။

ထို့နောက်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက  ထိုပူးကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၅၈)ဦး ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၄၁)ဦး ၊ စုစုပေါင်းအသင်းသူ/ သား (၉၉)ဦးကို ငွေကျပ် (၂၄၁) သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၂၀.၈.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၇) ကော်လ(၅/၆)တွင်ပါရှိသည်။