Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်သိုက်ဝါးကုန်းကျေးရွာ၌ စတုတ္ထအကြိမ်မြောက် ကျေးရွာမတည်ရန်ပုံငွေ(VRFP) ထုတ်ချေး

17 August 23

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံ‌ ငွေစီမံကိန်း  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သိုက်ဝါးကုန်းကျေးရွာ၌စီမံကိန်းရန်ပုံငွေစတုတ္ထအကြိမ်ထုတ်ချေးခြင်းကို သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမြို့နယ် ဦးစီးမှူး ဦးကျော်သူဝင်းက ကျေးရွာမတည်ရန်ပုံ‌ ‌ငွေစီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များအကြောင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပ‌ဒေ ပါအကြောင်းအရာများအားရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက် များ ၊ အတိုးနှုန်း နှင့် ကာလသတ်မှတ်ချက်များပြောကြားပြီးမြို့နယ်ဦးစီးမှူးနှင့်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၆၄)ဦး ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၄၀)ဦး ၊ အ‌ရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၁၉)ဦး ၊ စုစုပေါင်းအသင်းသူ/ သား (၁၂၃)ဦးကို စတုတ္ထအကြိမ်အဖြစ်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း  ရန်ပုံငွေကျပ် (၃၆၅) သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၁၇.၈.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၅)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။