Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

13 August 23

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ဩဂုတ် ၁၁ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ရှေးဦးစွာမိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းကသင်တန်းဖွင့် အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်ဦး နှင့် ငယ်တန်းအင်ဂျင်နီယာ(၂) ဦးစိုင်းဆိုင်းခေး တို့မှ သင်တန်းအားသင်ကြားပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းအား နန့်လှိုင်ကျေးရွာ၊ မီးသွေးကုန်းကျေးရွား ၊မြို့ဟောင်းကျေးရွာ ၊ ညောင်ကုန်းကျေးရွာ၊  မြတောင်ကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာ(ပင့်သာအုပ်စု) ၊ ကြိုးကြာကွင်းကျးရွာ(အုန်းဘောင်အုပ်စု) နှင့် အထက်ရေရှင်ကျေးရွာ စသည့်ကျေးရွာ(၈)ရွာများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ 

(၁၃.၈.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၄/၅/၆)တွင်ပါရှိသည်။