ပဲခူးတိုင်း ၂၀၂၃ ဩဂုတ်လ ၂၂ ရက်
ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းစာတွေ့၊ လက်တွေ့သင်ကြားနေမှုကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် အဖွဲ့သည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး သံရည်ကျိုပုံသွန်း လောင်းသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးမျိုးအောင်က သင်တန်းဖွင့်လှစ် ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ကျေးလက်သက်မွေးစီးပွား လုပ်ငန်းများဖြစ်သည့် ကျွဲမွေးမြူရေး၊ ဝက်မွေးမြူရေးနှင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။