ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး သံရည်ကျိုပုံသွန်း လောင်းသင်တန်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား (၂၁)ဦးတက်ရောက်ခဲ့ပါသည်။