Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

​ညောင်တုန်းမြို့နယ်ရှိ ​ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းစီမံကိန်း ​ဆောင်ရွက်​နေမှုအား စစ်​ဆေး

26 August 23

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊​ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ​ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းစီမံကိန်းVDPအား ​ကျေးရွာ ၁၀ရွာတွင် လုပ်ငန်း ၁၄ခု ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။အဆိုပါ ​ကျေးရွာများအနက် စွန်တနီး​ကျေးရွာအုပ်စု၊စွန်တနီးကမ်းနား​ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းရန်ပုံငွေ (၁၅.၀၀)သန်း၊ပြည်သူလူထုထည့်ဝင်​​ငွေ(၃.၆)သန်၊စုစု​ပေါင်း(၁၈.၆)သန်းဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​ကျော်လင်းနိုင်၊လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်စစ်ဆေးရာ ​ကျေးရွာ​ကော်မတီမှတာဝန်ရှိသူများကို လုပ်ငန်းများအချိန်မီပြီးစီးရေး သတ်မှတ် အတိုင်းအတာ ပြည့်မီရေးကို ပြောကြားပြီး ကျေးရွာလူထုများတက်ညီလက်ညီပူး​ပေါင်းပါဝင်​​ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။ စွန်တနီးကမ်းနားကျေးရွာတွင် အဆိုပါလမ်းပြီးစီးပါက ကျေးရွာအိမ်ခြေ (၉၀) အိမ် လူဦးရေ(၃၅၁)ဦးကို အကျိူးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါကွန်ကရစ်လမ်းမှာ(၁၇၀၀'x ၄'x ၆")ဖြစ်ပြီးလုပ်ငန်းမှာ (၂၅%) ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။