ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဠာရေးနှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များအား ကျေးရွာအဆင့် စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို သြဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက အဖွင့်အမှာ စကားပြောကြးခဲ့ပြီး စီမံကိန်းတာဝန်ခံများက သင်တန်းအားဆက်လက်ပို့ချသင်ကြားခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ် တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၂၃-၂၀၂၄ ခုဘဏ္ဠာရေးနှစ်တွင် ထုံးရေပေါက်ကျေးရွာ နှင့် ညောင်ထောက်ကလေးကျေးရွာတိူ့မှာအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
(၈.၈.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၄/၅/၆)တွင်ပါရှိသည်။