ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဠာရေးနှစ်မှာ နန့်လှိုင်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း RBF ဆောင်ရွက်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဆိုပြုလွှာရေးသားနည်းသင်တန်းကို ဇူလိုင် ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက အဖွင့်အမှာ စကားပြောကြးခဲ့ပြီး စီမံကိန်းတာဝန်ခံများက သင်တန်းအားဆက်လက်ပို့ချခဲ့ကြောင်းသိရသည်
(၃၁.၇.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၁/၂)တွင်ပါရှိသည်။