မောင်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရွာသာယာကျေးရွာ ရွာတွင်း လမ်းအပိုင်း(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်(၁၅၀၀’x၁၂’x၈”)နှင့် BoxCulvert(၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျေးရွာကော်မတီဖွဲ့စည်းရန်နှင့် ကော်မတီအား ဌာနနှင့်လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီတို့မှချပြရှင်းလင်းခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း လုပ်ငန်း များအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
လုပ်ငန်းဆောင်ရွက်မည့် နေရာသို့ ကုမ္ပဏီနှင့်အတူကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာသူ/ ရွာသားများ လုပ်ငန်းအပေါ်စိတ်ဝင်စားပြီး ဦးစီးဌာန၊ကုမ္ပဏီလီမိတက် များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများ ကြန့်ကြာမှုမရှိဘဲ အချိန်မှီပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။