ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုတးက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များအား စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ဩဂုတ် ၂၁ရက် မွန်းလွဲ ၂ နာရီအချိန်က အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာမိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်ကကျေးလက်နေပြည်သူများ ကိုယ်တိုင်ပကတိ လိုအပ်ချက်များကိုဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်မှင့် ကျေးရွာများ၏ ဦးစားပေးစီခံချက်များအပေါ်နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်ချက် နှင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဟဲလုံကျေးရွာ၊ ကံတော်ကုန်ကျေးရွား ၊အာဠဝီကျေးရွာ ၊မြသီတာကျေးရွာ ၊ စုစည်း(အောင်မြေ)ကျေးရွာ၊ ကုန်းမနကျေးရွာ၊ နန့်မီးလောင်ကျေးရွာ နှင့် ဟွေ့လုံကျေးရွာ စသည့်ကျေးရွာ(၈)ရွာများမှ သင်တန်းသား/သူ (၂၄)ဦး တက်ရောက်ခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးတိုတးက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကံတော်ကုန်ကျေးရွာ၊းစုစည်း(အောင်မြေ)ကျေးရွာ၊ ၊အာဠဝီကျေးရွာ နှင့် မြသီတာကျေးရွာတို့၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဟဲလုံခေတ်မီစံပြကျေးရွာ ၌ ဘတ်စုံသုံးခန်းမဆောက်လုပ်ခြင်းလုပ်ငန်း၊ နန့်မီးလောင်ကျေးရွာ နှင့် ဟွေ့လုံကျေးရွာာတို့၌ ကွန်ကရစ်ဘောင်ဖြင့်သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း နှင့် ကုန်းမနကျေးရွာ၌ ရေသန့်စက် နှင့် ကွန်ကရစ်ဘောင်ဖြင့်သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော််ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
(၂၂.၈.၂၀၂၃)ရက်နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ(၁၂)ကော်လံ(၁/၂)တွင်ပါရှိသည်။