ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် နန်းကွေ့ကျေးရွာအုပ်စု ပြည်တောင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ၂၁.၈.၂၀၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှ မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပါသည်။ထို့နောက် မြို့နယ် ဦးစီးမှူး ဦးနေသူရိန်စိန်လှနှင့် တာဝန်ရှိသူများ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ၊ ကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့် အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
ပြည်တောင်ကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ အသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။