Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ မိုင်းခွန်ကျေးရွာအုပ်စု၊ ရေနံကုန်းကျေးရွာအား ဆဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေပြန်လည်ထုတ်ချေးခြင်း

18 August 23

မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်း

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် (၁၈.၈.၂၀၂၃)ရက်နေ့တွင် မိုင်းခွန်ကျေးရွာအုပ်စု၊ ရေနံကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေအား ဆဌမအကြိမ်မြောက်ပြန်လည်ထုတ်ချေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ချေးငွေအား စိုက်ပျိုးရေးလုပ်ငန်း(၂၀)ဦးအတွက် ငွေကျပ်(၁၀၁)သိန်း၊ မွေးမြူရေးလုပ်ငန်း(၇၁)ဦးအတွက် ငွေကျပ်(၂၇၆)သိန်းနှင့် အရောင်းအဝယ်လုပ်ငန်း(၄)ဦးအတွက် ငွေကျပ်(၂၅)သိန်း၊ စုစုပေါင်း ချေးယူသူ(၉၅)ဦးအတွက် ထုတ်ချေးငွေကျပ်(၅၀၂)သိန်းအား ထုတ်ချေးခဲ့ကြောင်း သိရှိရပါသည်။

မိုင်းခွန်ကျေးရွာ၊ ရေနံကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာသည် ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ကြောင်းသိရှိရပါသည်။

(၂၁.၈.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၃)ကော်လံ(၅/၆)နှင့် မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၂)တို့တွင် ပါရှိပါသည်။