မံစီမြို့နယ် ဂွေ့ကြီးကျေးရွာ ဘက်စုံသုံးခန်းမ လွှဲပြောင်းပေးအပ်
=========================================
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဂွေ့ကြီးကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ လွှဲပြောင်းပေးအပ်ခြင်းကိုဇူလိုင် ၂၈ ရက်တွင် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက ကျေးရွာဘက်စုံသုံးခန်းမလွှဲပြောင်း ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။
ထို့နောက် ဂွေ့ကြီးကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဉက္ကဋ္ဌ က ကျေးရွာဘက်စုံသုံးခန်းမ တည် ဆောက်ခြင်းအတွက် ကုန်ကျငွေ စာရင်းအား ရှင်းလင်းတင်ပြပြီး ကျေးရွာဖွံ့ဖြိုးရေး တာဝန်ခံက ကျေးရွာခန်းမဆောင်တည်ဆောက် နိုင်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြား ခဲ့ပါသည်။
ယင်းနောက် ဂွေ့ကြီး ကျေး ရွာဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများက ဆောက်လုပ် ပြီးစီးသော ကျေးရွာ ဘက်စုံသုံးခန်းမနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် လွှဲပြောင်းပေးအပ် ခဲ့ပါသည်။
အဆိုပါ မံစီမြို့နယ် ဂွေ့ကြီးကျေးရွာ ဘက်စုံသုံးခန်းမသည် အလျားပေ ၉၀၊ အနံ ၃၄ ပေ၊ အမြင့် ၁၅ ပေ ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် ၂၁ ဒသမ ၄ သန်း ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။