Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့ နယ် ၌ စီးပွားရေးဘဏ်မှ ဖွံ့ဖြိုးရေးချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းလည်ပတ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

09 August 23

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက်အရည်အသွေးကောင်းစားသုံးဆီများထုတ်လုပ်ရန်ရည်ရွယ်၍ ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့်ခေတ်မီဆီစက်များအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးရေးချေးငွေများထုတ်ချေးပေးထားရာ ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်၌ မြန်မာ့စီးပွားရေးဘဏ်မှ    ချေးငွေရယူထားသည့်    ဆီစက်လုပ်ငန်းအား   လုပ်ငန်းရှင်များမှ   အမှန်တကယ်လုပ်ငန်းဆောင်ရွက်ထားခြင်း  ရှိ /မရှိ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီမှုးမှူးဦးဌေးမြင့်၊ ဆက်စပ်ဌာနများဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မူဦးစီးဌာနမှ တာဝန်ရှိသူများက မိုးညှင်းမြို့နယ် စိမ်းရတနာမွန်(တောင်ပိုင်း)ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား ဩဂုတ် ၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါမြတ်သုခဆီစက်လုပ်ငန်းသည် မြန်မာ့စီးပွားရေးဘဏ်(မိုးညှင်း) မှ ဖွံ့ဖြိုးရေးချေးငွေကျပ် သိန်း(၅၀၀)ချေးယူပြီး လုပ်ငန်းလည်ပတ်လျက်ရှိရာ ချေးငွေကာလသုံးနှစ်တွင် တစ်နှစ်ဆိုင်းငံ့ဖြစ်ပြီး(၂)နှစ်အတွင်းခြောက်လတစ်ကြိမ်နှုန်းဖြင့် လေးရစ်ခွဲ၍ ဆပ်ရမည်ဖြစ်ကြောင်း ယင်းဆီစက်မှနေ့စဉ်ဆီပ်ဿာ(၂၀၀)ခန့်ထွက်ရှိပြီး ကချင်ပြည်နယ် ဒေသတွင်းသာမက အခြားမြို့နယ်များသို့လည်းဖြန့်ဖြူးလျက်ရှိကြောင်းသိရသည်။

(၉.၈.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊ စာမျက်နှာ(၈)ကော်လံ(၄/၅/၆)တွင်ပါရှိသည်။