တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည် သည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား သက်ဆိုင်ရာကုမ္ပဏီများနှင့် ကျေးရွာကော်မတီများအား တွေ့ဆုံမိတ်ဆက်ပေးခဲ့ပါသည်။
အဆိုပါလုပ်ငန်းများအား ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး၊ အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီများကလည်း မူလလုပ်ငန်း အောင်မြင်စွာပြီးမြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။