Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြေပုံမြို့နယ်၊ ဒုံချောင်းကျေးရွာ ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျေးရွာလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် မြေပြင်အခြေအနေကွင်းဆင်းစစ်ဆေးခြင်း

25 August 23

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းသန်းနွယ်၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နုဟန်နီလွင် နှင့် တာဝန်ရှိ သူများသည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေ ကျပ်(၂၀.၈)သန်းဖြင့် ဆောင်ရွက်မည့် ငရွှေပြင်ကျေးရွာအုပ်စု၊ ဒုံချောင်းကျေးရွာ ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်း (၃၀’ × ၁၂’ × ၈’) အတွက် (၂၄.၈.၂၀၂၃)ရက်နေ့ နံနက် (၈:၀၀)နာရီခန့်တွင် ကျေးရွာတံတား ပြုပြင်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းပြီး၊ ၎င်းနေ့ နံနက် (၁၀:၀၀)နာရီတွင်  လုပ်ငန်းတည်နေရာ မြေပြင်အခြေအနေများအား တင်ဒါအောင်မြင်သော အငူရွှေမြေကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာ လုပ်ငန်းကော်မတီဖွဲ့ဝင်များနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါတံတားလုပ်ငန်း ဆောင်ရွက် ပြီးစီးပါက ဒေသထုတ်ကုန်များ ဈေးကွက်များသို့ အချိန်မီပို့ဆောင်ရောက်ရှိနိုင်ပြီး အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်း ရရှိပါသည်။