Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပြုလုပ်

24 August 23

၂၀၂၃ ခုနှစ် ဩဂုတ်လ   ၂၄ ရက်

   သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအား ပြည်နယ်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစောဒီးဒီမှ အဖွင့်အမှာစကားပြောကြား ခြင်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်ချောစု မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သတ်၍ ပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ဥမ္မာရီမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား အကျဉ်းချုပ် ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား တင်ပြခြင်းနှင့် တင်ပြချက်များအပေါ်  တက်ရောက်လာသော ကုမ္ပဏီများ မှ မြေပြင်ဆောင်ရွက်ပြီးစီးမှု နှင့် အခက်အခဲများအား ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့ကြပါသည်။