Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ငွေထုတ်ချေးမှုအား မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်း

24 August 23

၁။       ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့ အဝပြင်တောင်ကျေးရွာသို့ (၂၃.၈.၂၀၂၃) တွင်စီမံကိန်းမြစိမ်းရောင်းကျေးရွာစီမံကိန်းလုပ်ငန်း ရန်ပုံငွေထုတ်ချေးနေမှုအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် အတူပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ အဝပြင်တောင်ကျေးရွာတွင် အိမ်ထောင်စု (၁၄၅)စု၊ ရှိပြီး ချေးငွေထုတ်ယူ လူဦးရေ ၁၁၇ ဦး ထုတ်ချေးလခဲ့ပြီး အတိုးနှုန်းထားအား (၁)ကျပ်နှုန်းဖြင့် ကော်မတီဝင်များက သတ်မှတ်ထားကြောင်းသိရှိရပါသည်။

 ၂။      ကျေးလက်ဦးစီးဌာနမှ ချေးငွေထုတ်ချေးရာတွင် မြစိမ်းရောင်ကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာကော်မတီဝင်များ၏ စာရင်းဇယားများ ကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ပြီး ဌာနနှင့် ကျေးရွာသူ/ရွာသားများမှာ ခင်မင်ရင်းနှီးလာနိုင်ပြီး ကျေးလက်ဦးစီးဌာန နှင့်အတူး ပွင့်လင်းမြင်စာစွာ အပြန်အလှန်ဆွေးနွေးမှုများ ပိုမိုရရှိနိုင်ပါကြောင်း သတင်းရရှိပါသည်။