မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ခံအင်ဂျင်နီယာများလိုက်ပါလျက် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာအုပ်စု၊ ဝက်ခေါင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော အငူရွှေမြေကုမ္ပဏီမှ (၃၀.၅၂၀) ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ဝက်ခေါင်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ (၁၀’) တံတား (၂)စင်း အတိုင်းအတာ ၂(၁၀’ × ၁၈’ × ၇’) တည်ဆောက်ခြင်းနှင့် (၃၇.၆၀)ကျပ်သန်းဖြင့် Box Culvert (၄)စင်း အတိုင်းအတာ ၄(၁၈’ × ၄’ -၉” × ၄’-၉”) တည်ဆောက်မည့် နေရာနှင့် မြေပြင်အခြေ အနေများအား တင်ဒါအောင်မြင်သော အငူရွှေမြေကုမ္ပဏီမှ တာဝန်ရှိသူများ၊ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် (၁၉.၈.၂၀၂၃)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ဒေသထုတ်ကုန်များ ဈေးကွက်များသို့ အချိန်မီပို့ဆောင်ရောက်ရှိနိုင်ပြီး အိမ်ထောင်စု (၆၉၂)စု၊ လူဦးရေ(၃၁၈၇)ဦးအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။