၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်း ဆောင်ရွက်မည့် ကျက်တောပြင် ကျေးရွာ၊ မောင်နီပြင်ကျေးရွာ၊ သင်္ဂနက်ကျေးရွာနှင့် သက္ကေပြင်ကျေးရွာ ကျေးရွာ(၄)ရွာမှ ကော်မတီ အဖွဲ့ဝင်(၁၂)ဦးများအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း စီမံချက်ရေးဆွဲနည်းသင်တန်းကို စစ်တွေခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် သြဂုတ်လ (၁၄)ရက်နေ့မှ (၁၈)ရက်နေ့ထိ (၅)ရက်သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်းသိရှိရပါသည်။
သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးရွာကော်မတီဝင်များ စီမံကိန်းလုပ်ငန်းစဉ်များအား သိရှိနားလည်လာမည်ဖြစ်ပြီး စီမံကိန်းနှင့်သက်ဆိုင်သည့် ငွေစာရင်းဆိုင်ရာများ၊စာရင်းဇယားများ လုပ်ငန်းစဉ်အဆင့်ဆင့်အား သိရှိနားလည်လာမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အချိန်မှီပြီးစီး နိုင်ရေးနှင့် ကျေးရွာသူ/ရွာသားများ မှာလည်း စီမံကိန်း၏အကျိူးကျေးဇူးအား မြန်မြန်ဆန်ဆန် ခံစားရမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။