Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကံမမြို့နယ် ဇီးဖြူကွင်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး

21 August 23

ကံမမြို့နယ် ဇီးဖြူကွင်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး
=====================================================
ကံမ       ဩဂုတ်       ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်း အနှီးရရှိစေရန်အတွက် သာဇီကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေ စတုတ္ထအကြိမ် ထုတ်ချေးပေးခြင်းကိုသြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းကအဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက ကျေးရွာမတည်ရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်း သတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေကျပ် ၂၅ ဒသမ ၈ သန်းကို ဇီးဖြူကွင်းကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဇီးဖြူကွင်းကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုသူ ၃ဝ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုသူ ၁၈ ဦး နှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ တစ် ဦးတို့အား ငွေကျပ် ၂၅ ဒသမ ၈ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်း တစ်ကျပ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီး ရရှိစေရန်၊ ရရှိလာသောအရင်းအနှီးဖြင့်မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင်မတည်ရန်ပုံငွေထူထောင်၍စဉ်ဆက်မပြတ်ငွေကြေးအရင်းအမြစ်ရရှိစေရန်နှင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် VRFP စီမံကိန်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။