စလင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP) စတုတ္ထအကြိမ် ချေးငွေထုတ်ချေးပေး
===========================================================================
စလင်း ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်ကျေးလက်နေပြည်သူများဆင်းရဲနွမ်းပါးမှုကိုလျော့ကျစေရန်၊တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစု ဝင်ငွေရစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မှရိုးကုန်း ကျေးရွာအုပ်စု၊ရွာတန်းရှည်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတုတ္ထအကြိမ်ထုတ်ချေးပေးခြင်းကို ဩဂုတ် ၁၈ရက်နေ့မွန်းလွဲ ၁နာရီတွင် အဆိုပါ ကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က တက်ရောက်လာသူများအား မိတ်ဆက်အမှာစကား ပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၏ ရည်ရွယ်ချက်၊ စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊
မတည်ရန်ပုံငွေအရင်းအတိုးပေးဆပ်ရမည့်ကာလများ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ အားရှင်းလင်းပြောကြားပြီးနောက် ရွာတန်းရှည်ကျေးရွာ၌ စတုတ္ထ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၃၇ဒဿမ ၅ သန်းအား ကျေးရွာမတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ စတုတ္ထအကြိမ်တွင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ကြသော အသင်းသား(၁၇၇)ဦးအတွက် ငွေကျပ် ၃၇ဒဿမ၅သန်းအားတောင်သူလက်ဝယ်ရောက်ရှိအေင်ထုတ်ချေးပေးခဲ့ပြီး သိရှိရပြီး အဆိုပါ ရွာတန်းရှည်ကျေးရွာ၌
မတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း၃၀ဖြင့် မတည်ထုတ်ချေးပေးခဲ့ပြီးယခုအချိန်တွင် သက်သာသော အတိုးနှန်းဖြင့် စီမံကိန်းလုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင စလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။