Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် လက်ပကန်ကျေးရွာကုန်ထုတ်လမ်း Plate Bearing Test ကွင်းဆင်းတိုင်းတာ

20 August 23

စလင်းမြို့နယ် လက်ပကန်ကျေးရွာကုန်ထုတ်လမ်း Plate Bearing Test ကွင်းဆင်းတိုင်းတာ
===========================================================
စလင်း      ဩဂုတ်        ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပကန်ကျေးရွာကုန်ထုတ်လမ်း အောက်ခံလွှာကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ လမ်း၏သိပ်သည်းမှု (Plate Bearing Test )တိုင်းတာခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် တော်ဝင်ထွန်း(ဆင်ဖြူကျွန်း) ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မီ‌မှုရှိမရှိသိရှိနိုင်ရန်အတွက် လမ်း၏သိပ်သည်းမှု(Plate Bearing Test )တိုင်းတာခြင်းကို စနစ်တကျဆောင်ရွက်ပြီး ဦးစီးအရာရှိ(နည်းပညာ)က ကုမ္ပဏီတာဝန်ခံအား ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းအတိုင်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စုရန်ပုံငွေကျပ်၅၁ ဒသမ ၃ သန်းဖြင့်လက်ပကန်ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို တော်ဝင်ထွန်း (ဆင်ဖြူကျွန်း)ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။