Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကုတ်မြို့နယ်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း

21 August 23

တောင်ကုတ်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်သည် မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့နှင့် လိုက်ပါလျက်  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့်  တောင်ကုတ်မြို့နယ်၊ မိုး‌ကျေးရွာ၊ မိုးကံပြင်ကျေးရွာ၊  မိုးတိမ်ပြင်ကျေးရွာ၊ မိုးကျောက်ကြီကွင်းကျေးရွာ၊ မိုး‌ရွှေကုန်း‌ကျေးရွာ များသို့  ဩဂုတ်လ(၁၈) ရက်နေ့က သွားရောက်ခဲ့ပြီး  ‌ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ ကျေးရွာအတွက် လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ယခုလိုဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စုပေါင်းကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာသူ/ရွာသားများ၏ လိုအပ်ချက်များ အသီးသီးတင်ပြခဲ့ပြီး သက်ဆိုင်ရာကဏ္ဍာန်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြေကြားခဲ့ပါကြောင်းသိရှိရပါသည်။