Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဖြူခရိုင်ဦးစီးမှူး ရမ်းဗြဲမြို့နယ် သစ်ပုတ်တောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအားကွင်းဆင်းဆောင်ရွက်ခြင်း

21 August 23

ကျောက်ဖြူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ဦးအောင်သက်ဦး နှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးအောင်ထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများလိုက်ပါလျက် ရမ်းဗြဲမြို့နယ်၊သစ်ပုတ်တောင်ကျေးရွာ တွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ဇွဲထက်နဂါးကုမ္ပဏီမှ (၁၅၀.၂၇၈)ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း(၁/၂.၆ မိုင်×၁၂’×၂’-၉”) နှင့် အဆိုပါလမ်းပေါ်ရှိ Box Culvrt (၁၃)စင်း တည်ဆောက်မည့်နေရာနှင့် မြေပြင်အခြေအနေများအား သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့် (၁၅.၈.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ဒေသထုတ်ကုန်များအား ဈေးကွက် များသို့ အချိန်မီပို့ဆောင်ရောက်ရှိနိုင်ပြီး အိမ်ခြေ(၂၂၁)အိမ်၊လူဦးရေ(၁၂၂၇)ဦးအား အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။