Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Auto CAD & Sketch Up ရေးဆွဲနည်းသင်တန်းဖွင့်ပွဲ

19 August 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်ဂျင်နီယာဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ Auto CAD & Sketch Up ရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ  ၁၈ ရက်နေ့ နံနက်ပိုင်း ကကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အင်ဂျင်နီယာဝန်ထမ်းများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရေးနှင့် လုပ်ငန်းခွင်၌ ပိုမိုကျွမ်းကျင်မှုရှိစေရေး ရည်ရွယ်၍ Auto CAD & Sketch Up ရေးဆွဲနည်း သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သင်တန်းများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို မွန်ပြည်နယ်နှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်(၄)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်း ( ၂၀ )ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် Auto CAD & Sketch Up ရေးဆွဲနည်းနှင့် ပတ်သက်သည့် သင်ခန်းစာဘာသာရပ်များကို သင်တန်းနည်းပြဆရာများက စာတွေ့ လက်တွေ့ဖြင့်  ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။