Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

19 August 23

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ(၁၉.၈.၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျှက်ရှိသော စစ်တွေမြို့နယ် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သည့်အမှိုက်များသိမ်းဆည်းခြင်းအား စစ်တွေမြို့ကမ်းနားလမ်း သက်ကြီးရွယ်အို နားနေ ဆောင် နောက်ဖက် ကမ်းခြေတွင် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်းရွက်ခြင်းဖြင့် စစ်တွေမြို့ သန့်ရှင်းသာယာ လှပရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပြီး စစ်တွေမြို့ ကမ်းနားလမ်းသို့ လေကောင်းလေသန့်ရရှိရန် အများပြည်သူများလာရောက်အပန်းဖြေရာတွင်  စိတ်ချမ်းသာမှုများရရှိနိုင် မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။