Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငါန်းဇွန်မြို့နယ်၌ ဘုရားထူးကျေးရွာ၌ VDPစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

17 August 23

ငါန်းဇွန် ဩဂုတ်(၁၇)

                                                                                                                   မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ဘုရားထူးကျေးရွာ၌ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်းစီးမံကိန်း VDP အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  VDP စီမံကိန်း မိတ်ဆက်ရှင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကိုဩဂုတ်လ ၁၆ရက်နေ့ကမွှန်းလွဲပိုင်းက ဘုရားထူးကျေးရွာ၊ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းသည် ကျေးရွာလိုအပ်ချက်များကို ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ခြင်း၊အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် စီမံကိန်းရည်ရွယ်ချက်များ၊စီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းမူ ဘောင်များ ကော်မတီဖွဲ့စည်းရာတွင်လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

          ထိုနောက်  မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် တာဝန်ရှိသူများ ကျေးရွာသူ/ ကျေးရွာ သားများက ဖွံ့ဖြိုးရေးကော်မတီဝင်ကိုးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

          ဘုရားထူးကျေးရွာ၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း(၁၅၀)နှင့်ကျေးရွာနေပြည်သူများ၏ လုပ်အား ငွေအားထည့်ဝင် မှုဖြင့်ကျေး ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ဝန်ထမ်း များ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြည့်ကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောပြ၍ သိရသည်။

         

                                                                                                                                                                                                                                                အောင်ရဲကျော်