တံတားဦးဩဂုတ် (၃)
မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ကြီးကျေးရွာ အုပ်စု၊ ကန်ကြီး(ရ)ကျေးရွာတွင် တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာမ တည်စီမံကိန်း (VRFP)စီမံကိန်းရန်ပုံငွေများ စတုတ္တအကြိမ်ပြန်လည်ထုတ်ချေးပေးခြင်းကို ဩဂုတ်လ၃ရက်နေ့ မွန်းလွှဲပိုင်းကန်ကြီး(ရ)ကျေးရွာ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုကကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများထုတ် ချေးရခြင်း ၏ ရည်ရွယ် ချက်နှင့် စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းပြောကြားသည်။
ဆက်လက်၍တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ချောယဉ်စုနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီများထံ စီမံကိန်းရန်ပုံငွေကျပ်(၃၃၆)သိန်း များလွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရ သည်။
ထိုနောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေစတုတ္တအကြိမ်အဖြစ် တံတားဦးမြို့နယ်၊ ကန်ကြီး(ရ) ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်၊ကုန်ထုတ်၊သက်မွေးလုပ်ငန်းလုပ်ကိုင်သူ၈၇ဦး အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းငွေကျပ်၃၃၆သိန်းထုတ်ချေးပေးမှုကို တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုပြောပြ၍သိရသည်။
အောင်ရဲကျော်