Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာ၌ Slab Culvert တံတား(၂)စင်းတည်ဆောက်နမှုကွင်းဆင်းစစ်ဆေးခြင်း

03 August 23

ငါန်းဇွန်ဩဂုတ်()

 

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက  သံကုန်းကျေးရွာအုပ်စု၊ သံကုန်းကျေးရွာ၌ Slab Culvert တံတား၂စင်းတည် ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ     သံကုန်းကျေးရွာ Slab Culvert တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။    

          သံကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert၂စင်း အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ၊အနက်(၃)ပေရှိ ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်ပြီး ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်၉ဒသမ၂၁၄သန်းဖြင့် ဇူလိုင်လစတုတ္တအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၁၅ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါတံတား၂စင်းဆောင်ရွက်ပြီးစီးပါက သံကုန်း ကျေးရွာရှိ တောင်သူများ၏လယ်ယာထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာ စွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ပြောပြ၍သိရသည်။       

                                                                                               

အောင်ရဲကျော်