Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းခရိုင်၊စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်တပ်ကျေးရွာတွင် ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးခြင်း

17 August 23

စစ်ကိုင်း ဩဂုတ် ၅
 
                     စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် အတွင်းရှိကျေးလက်နေပြည်သူများ၏  လယ်ယာထွက်ကုန်ပစ္စည်းများ၊ အချိန်မီသယ်ပို့နိုင်စေရန်နှင့် စျေးနှုန်းသက်သာပြီး  စျေးကွက်သို့  လွယ်ကူလျှင်မြန်စွာ  ရာသီမရွေး ပေးပို့နိုင်စေရန် ရည်ရွယ်၍  ကျေးလက်ကုန်ထုတ်လမ်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ဆင်တပ်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု(၁၀၀)ရာခိုင်နှုန်းပြီးစီးခြင်းအား (၅-၈-၂၀၂၃) ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချို၊စစ်ကိုင်းမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းတို့မှ  ကုမ္ပဏီတာဝန်ခံ၊ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆင်တပ်ကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ၊  ကုန်ထုတ်လမ်းလုပ်ငန်းအရည် အသွေးကောင်းမွန်မှုးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေခြင်းများကို  ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိခဲ့ပါသည်။
 
အဆိုပါ ဆင်တပ်ကျေးရွာ ကုန်ထုတ်လမ်းအား  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊    ပြည်ထောင်စု ခွင့်ပြုရန်ပုံ‌ငွေဖြင့်  (မြေ+ဂျင်း) (မြေသားအရှည် သုည/ သုည ဒသမ ၉၈၅မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ပေ) ၊( ဂျင်း ၁/၃ ဒသမ ၃၆မိုင်၊ အကျယ် ၁၂ပေ ၊ထု ၉  လက်မ )ရှိပြီး (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ငွေကျပ်သန်း (၄၂.၆၅၃)ဖြင့် စိုက်ပျိုးဧက (၂၃၀၀)ကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
 
ကိုမြတ်